Wednesday, February 6, 2013

အစ္စလာမ်အယူဝါဒ

အစ္စလာမ်သည့် စကြဝဠာခပ်သိမ်းကုန်တို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလုံးစုံကို သိမြင်တော် မူ၍ ပြည့်စုံတော်မူသော တစ်ဆူတည်း၊ တစ်ပါးတည်းဖြစ်တော်မူသော
မဟာကရုဏာရှင် ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ် ဟောကြားတော်မူအပ်သော ဒေသနာတော်မြတ်ဖြစ်ပေသည်။
နှစ်ဘဝ၏ ငြိမ်းချမ်းသာယာမှုကိုညွှန်ပြသည်။ အစ္စလာမ်သည် “နာခံခြင်း”ဟူသော အထူးဝိသေဂုဏ်ပုဒ်တစ်ခုကိုဆောင်လျက်ရှိသည်။ အစ္စလာမ်၏အဓိက ရည်ရွယ်ချက်မှာ မိမိဆောင်ထားသော အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်ကို လူသားအားလုံးအား တပ်ဆင်ပေးရန်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင် ခေတ်မရွေး၊ ပြည်မရွေး၊ လူမျိုးမရွေး၊ အုပ်စုမရွေး၊လူတန်းစားမခွဲ၊ ဖြူနက်မခြား အစ္စလာမ်တည်းဟူသော ဂုဏ်ပုဒ်နှင့်ပြည့်စုံကြကုန်သော ပုဂ္ဂိုလ်မွန်တို့သည်အတိတ်ခေတ်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။ ယခုပစ္စုပ္ပန်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။ နောင် အနာဂတ်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြမည်။အစ္စလာမ်ဟူသောပုဒ်သည် “နာခံခြင်း”အဓိပ္ပာယ်ပေးသည် အစ္စလာမ်ဟုအမည်သမုတ်ခြင်းမှာလည်း ဤအယူဝါဒကို လက်ခံနာယူသော မွတ်စလင်တိုင်းသည် အရေးကိစ္စအဝ၀တွင် အလ္လာဟ်အရှင်မြတ်၏ ဒေသနာမြတ်များကို ဦးလည်မသုန် လိုက်နာကျင့်သုံးရခြင်းကြောင့်ပင်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအဝန်းကို စတင်ပြုစုပျိုးထောင်တော်မူသော ပိုင်ဆိုင်စိုးမိုး စီမံ ကွပ်ကဲအုပ်ချုပ်တော်မူသော အရှင်သခင်ဖြစ်တော်မူပေရာ တစ်နည်းဆိုသော် စကြဝဠာရှင်၏ အမိန့်တော်နာခံခြင်းပင်စကြဝဠာတွင် ငြိမ်းချမ်းသာယာမှုကို ဖန်တီးရာမည်သည်။ သို့ဖြစ်ရာ အစ္စလာမ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒဖြစ်၍မွတ်စလင်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒီဖြစ်သည်။

တစ်ပါးသူများ အနေဖြင့်အစ္စလာမ် ကို သာသနာ ဘာသာတရား တစ်ခု အဖြစ် မြင်မည် ဖြစ်သော်လည်း အစ္စလာမ် သည် ဘာသာတရား တစ်ခုမျှသာ မဟုတ်ချေ။ စနစ်တစ်ခုဟု ဆိုလျှင် ပိုမို မှန်ကန်ပါလိမ့် မည်။ ကုရ်အာန်ကျမ်းတော်မြတ် ထဲတွင် အစ္စလာမ် အား "ဘဝတည်ဆောက်မှုလမ်းစဉ်" (ဒီန်) အဖြစ် ဖော်ပြထားသည်။အစ္စလာမ် ကို ဘာသာ ဟု သုံးနှုန်းပြီး၊ ထို ဘာသာကို ကိုးကွယ်သူများအား မွတ်စလင်မ် ဟု သုံးနှုန်းသည်။ 

No comments:

Post a Comment

Blog Archive

Powered by Blogger.
click me to reveal the contact form

ဆက်သွယ်ရန် (MMYO):

Name

Email *

Message *

IOBS!

Welcome to our new website: ( MMYO )