Wednesday, February 6, 2013

မင်းတုန်းမင်းတရားကြီးက ရွေးလက်ယာ တပ်သားများအတွက် ရွှေပန္နက် ဗလီတော်ဆောက်ပေးခြင်း


ယဉ်ကျေးမှု တက္ကသိုလ် ပါချူပ်(ငြိမ်း) သမိုင်းပညာရှင် ဦးတင်စိုးမှ မန်းတလေး နန်းတွင်း၌ ဗလီနှင့် ပတ်သက်ပြီး အထောက်အထား မတွေ့ရှိခဲ့ဟု ပြောကြားခဲ့တာကို ၈.၁၁.၂၀၁၂ ရက်ထုတ် NEWSWEEK ဂျာနယ်နှင့် အင်တာဗျူးတွင် ဖော်ပြခဲ့ပါသည်
မန္တလေးနန်းတွင်း၌ တည်ရှိခဲ့သည် ဗလီများ အနက်မှ မင်းတုန်းမင်း တရားကြီးက ရွေးလက်ယာ တပ်သားများ အတွက် ရွှေပန္နက်ဗလီတော် ဆောက်ပေးခြင်းအကြောင်း M-Media မှာ ဖော်ပြပေးလိုက်ပါတယ်။



မန္တလေးနန်းတော်အတွင်း မင်းတုန်းမင်းတရားကြီးက ရွေးလက်ယာ တပ်သားများအတွက် ရွှေပန္နက်ဗလီတော် ဆောက်ပေးခြင်း
ရွှေဘို အလောင်းမင်းတရားကြီး ဦင်္းအောင်ဇေယျမှစ၍ သီပေါမင်းတရားတိုင် မင်း ဆယ့်တစ်ဆက်ရှိ၏။ ၄င်းမင်းဆယ့်တစ်ဆက်တို့သည် မြန်မာမွတ်စလင်တို့ကို ယုံကြည်စိတ်ချရသည့် အတွက်၊ စစ်တိုက်ကောင်းသည့်အတွက်၊ အဘက်ဘက်တွင် သစ္စာမဖောက်သည့် အတွက် ဘုရင်မင်းမြတ်တို့သည် အပါးတော် လက်ယာတွင် အမှုတော် အမြဲလိုက်ပါထမ်းရွက်စေ၏။ နန်းမြို့တွင်းတွင် အမြဲနေထိုင်ရသော လက်ရွေးစင်တပ်များ ဖြစ်ကြကုန်၏။
မန္တလေးမြို့ ယခုအခါ မင်္ဂလာတံခါးခေါ် ကျော်မိုးတံခါးအဝင်ဝ လွတ်လပ်ရေးကျောက်တိုင် အရှေ့မြို့ရိုးအနီးတွင် ရွေးလက်ယာအမှုထမ်းတို့ကို အမြဲနေထိုင်စေပြီး ဝတ်ပြုကြရန် မင်းတုန်းမင်းတရားကြီးက “ရွှေပန္နက်ဗလီ”ဟူ၍ ရွှေပန္နက်ရိုက်ပြီး ဗလီဆောက်ပေး၏။ ၄င်း “ရွှေပန္နက်ဗလီ”၏ မော်လဝီဆရာကြီးကား သခင်ကြီးခေါ် ဆရာဘိုင်ကြီးဖြစ်၍ အလွန်တည်ကြည်ဖြောင့်မတ်၏။ အကျင့်သီလ၊ သိက္ခာ သမာဓိနှင့် ပြည့်စုံ၏။ လူုတိုင်းက ရိုသေကြ၏။
မင်းတုန်းမင်းတရားကြီးက မွတ်စလင်များအတွက် သာသနာပိုင်ခန့်ထား၏။ ရွှေဘိုမြို့ပြင် ဈေးရပ်တွင် နေထိုင်သော အထူးအာဏာရ A.T.M အမှုထမ်းကောင်း တံဆိပ်တော်ရမင်း မြို့အုပ်မင်း ဦးဘိုးမြစ်မှာ ၄င်း “သခင်ကြီး”ခေါ် “ဆရာဘိုင်ကြီး”၏ သားအရင်းဖြစ်ပါသည်။ ဒုတိယသားမှာ ရွှေဘိုခရိုင် ထန်းကုန်းဘူတာ ထန်းကုန်းရွာကြီးတွင် အထူးအာဏာရ သူကြီးမင်း ဦင်္းခြူဖြစ်ပါသည်။ မြို့အုပ်မင်း ဦးဘိုးမြစ်နှင့် သူကြီးမင်း ဦင်္းခြူတို့သည် နန်းမြို့အတွင်း “ရွှေပန္နက်ဗလီ” အနီးတွင် မွေးဖွားကြပါသည်။
၎င်း “သခင်ကြီး”ခေါ် “ဆရာဘိုင်ကြီး”အစ်ကိုမှာ မင်းတုန်းမင်းတရားနှင့် သားတော် သီပေါမင်းလက်ထက်တော်အခါက “ရွေးလက်ယာတပ်” မှ တပ်မှူးဖြစ်ပါသည်။ ဘုရင်မှပေးသောဘွဲ့မှာ “မင်းပျံချီ”ဖြစ်ပါသည်။ အမည်ရင်းမှာ “ဦးဟာရှင်” ဖြစ်ပါသည်။


ဗိုလ်မှုးကြီးဘရှင်ရဲ. မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်တို.အား ရှေးမြန်မာမင်းများက ချီးမြင့်ခဲ့ပုံစာအုပ်ထဲကပုံ
ရွှေဘိုခရိုင် ကန်သာကုန်းရွာ မြန်မာမွတ်စလင်ပညာရှင် “မော်လဝီဆရာသီ” ပြုစု စီရင်ရေးသားသော “အစ္စလာမ်သာသနာ ကမ္ဘာ၏ မော်ကွန်းတော်” စာမျက်နှာ ၁၅ တွင် ရွေးလက်ယာတို့အကြောင်းနှင့် ရွှေပန္နက်ဗလီအကြောင်းကို အောက်ပါအတိုင်း ရေးသားထား၏။
“ရတနာပုံ၌
သဒ္ဓါအဟုန်ဘုန်းရောင်လင်းခဲ့သည့်
မင်းတုန်းမင်းလက်ထက်တော်အခါတွင်
ရွေးလက်ယာမွတ်စလင်တို့သည်
ရှေ့တော်တွင် တစ်စုတစ်ခန်းငယ်နှင့်
အမှုထမ်းဖြစ်ကြရကား
မွတ်စလင်ဘာသာရေး
ဝတ်ပြုရန်အခွင့်ပေးပြီးလျင်
ယဉ်ကျေးမှုအရှည်ဆက်မှာကြောင့်
ရွှေပန္နက်မိန့်ခိုင်းချပြီင်္းသော်
ခြေတိုင်းမ အထင်ခံဖြင့်
အစ္စလာမ်အခြေမြွက်၍မို့
“ရွှေပန္နက်ဗလီတော်”ဟု
ပြည်ပေါ်မှာသညာထားသည့်ပြင် …” စသည်ဖြင့် ဖြစ်လေသည်။
(ရာဇဝင် ပါမောက္ခ ရွှေပြည်ဆရာဦးဘတင် တည်းဖြတ်၍ ရာဇဝင်သုတေသီ ရွှေဘိုဦးဘဦး ပြုစုစီရင် ရေးသားသော ရွှေမန်းနှစ်(၁၀၀)ပြည့် မြန်မာမွတ်စလင်တို့၏ အတ္ထုပ္ပတ္တိ၊ ပထမအကြိမ်၊ ၁၉၅၉ခု၊ စာမျက်နှာ ၁၄-၁၆၊ သတ်ပုံ မူရင်းအတိုင်း ကူးယူဖော်ပြသည်။)

No comments:

Post a Comment

Blog Archive

Powered by Blogger.
click me to reveal the contact form

ဆက်သွယ်ရန် (MMYO):

Name

Email *

Message *

IOBS!

Welcome to our new website: ( MMYO )